Wednesday, August 12, 2015

ရခိုင်နိုင်ငံသမိုင်းသစ်

ရခိုင်နိုင်ငံသမိုင်းသစ် မင်းသီမင်းသားများအားဘိတ်သိပ်သိန်းပွဲ။ ။မြောက်ဥရွှေမြို့တော်နှင့်တစ်ကွရခိုင်ပြည်တစ်ဝှမ်းလုံးတွင် ဘိသိပ်ပွဲတော်ကိုကြေငြာပြီးနောက် ခြောက် လမြောက်သောအခါ နိုင်ငံအဝှမ်းရှိ မင်းညီမင်းသား မူးမတ်မျိုးနွယ်များနှင့် ရာထူးရာခံများအားလုံးတို့ သည် ရွှေနန်းတော်သို့စုရုံးရောက်ရှိလာကြသည်။ ဤနိုင်ငံမှဘုရင်များသည် မိမိကိုတိုင်ဧကရာဇ်သရဖူ ကိုမခံယူမှီ မင်းညီမင်းသား မူးမျိုးမတ်နွယ် -၁၂-ပါးတို့အား ရှေးဦးစွာဘိသိပ်သွန်းပေးရိုးအစဉ်အလာရှိ၏ ဘိသိပ်သွန်းပွဲများကို ၈ ရက်တိုင်တိုင် ကျင်းပခွင့်ပြုလေသည်။ ဘိသိပ်ခံမည့် မင်းညီမင်းသားများသည် ထိုရက်များအတွင်းမြို့တော်တစ်ခွင်သို့ ကုန်းကြောင်းတစ်ကြိမ် ရေကြောင်းတစ်ကြိမ် နှစ်ကြိမ်တိုင်တိုင် ခရီထွက်ရသည်။ နိုင်ငံတော်၏ ရာထူဂုဏ်သိရ် အမြင့်ဆုံးမင်းညီမင်းသား အများဆုံး ရောက်ရှိလာသော အခါဘုရင်မင်းမြတ်သည်ဘိသိပ်မင်္ဂလာစတင်ကျင်းပရာအချိန်အခါကိုဆုံးဖြတ်ချက်ချမှတ်တော်မူသည် သို့ဖြင့်တညတာကုန်ဆုံး၍ နေ့သစ်ဆန်းသော အာရုံတက်ချိန်တွင် ခေါင်းလောင်းကြီးကိုအကြိမ် ပေါင်းမြောက်များစွာတီခတ်လျှက် အမြောက်သေနပ်သံလည်းပစ်ပေါက်ကြ၏။ ထိုကာလသည် တစ်နာ ရီခန့်မျှကြာလေသည်။ ယင်းကာလလွန်မြောက်ပြီးသောအခါ အချက်ပြအထိမ်းအမှတ်အဖြစ်ဖြင့် ခေါင်း လောင်းထိုးသံတစ်ချက်ထွက်ပေါ်လာပြန်၏။ ထိုအချိန်တွင်ရခိုင့်နန်းတော်၌ရာထူဌာနန္တရရှိကြသောမင်း ညီမင်းသားမူးမတ်မျိုးနွယ်နှင့် စစ်သူကြီးစစ်ဗိုလ်စသည်တို့သည် ရွှေနန်းတော်ခန်းမဆောင်ကြီး၌ တစ်စု တစ်ဝေးတည်းစုဝေးကြ၏။ ရွှေနန်းတော်ခန်းမဆောင်ကြီးမှာကျယ်ဝန်းသည်နှင့်အမျှ ကြမ်းခင်းမှမျက်နှာ ကြက်မကျန်အဖိုးတန်ကျောက်မျက်ရတနာ ပိုးဖဲကတ္တီဘာတို့ဖြင့်အဆန်းတစ်ကြယ်အလှချယ်ထားသဖြင့်ရှုမဝအောင်ကြက်သရေရှိလှသည်။ခန်းမဆောင်အလည်တည့်တည့်တွင်ခန်းမြင့်တံခါးပေါက်ကြီးတစ်ခုရှိ၍ ယင်းတံခါးပေါ်တွင်အဖြူရောင်အဖြူရောင်ကတ္တီပါသားကိုမဏ္ဍပ်သဖွယ်မိုးကြက်ထားလေသည်။ကတ္တီပါသားပေါ်တွင်လည်းအပြာရောင်နီလာပွင့်ကြီးများစီချယ်ထားသောရွှေပြားများကိုကွတ်ထား၏။ကတ္တီပါအမိုးလေးဘက်လေးတန်အစွန်းဖျားများတွင်လည်းရွှေပန်းဖွားများပြုလုပ်ထားပြီးလျှင်ဖြူဖွေးလှပသောပလေးလုံးကလေးများကိုအစီအရီစီကုံးထား၏။ဤအဆင်အပြင်သည်တံခါးပေါက်မှတွဲလောင်းချထားသောအဖိုးတန်ကတ္တီပါသားများနှင့်အလွန်လိုက်ဖက်လှပေသည်။တံခါးပေါက်၏အတွင်းဘက်တွင်ကားအလွန်နုညံ့လှပသောရွှေဇာလွှာကိုကန့်လန့်သဖွယ်ထားလေသည်။ခန်းမဆောင်ထဲမှစင်မြင့်ပေါ်တွင်မူရွှေကြိုးများဖြင့်ကြတ်ထားသောစည်ကြီးတစ်လုံးကိုတင်ထား၏။ဤသို့သောပွဲတော်မျိုးတွင်စည်တီးသမားသည်သူ၏တာဝန်ဝတ်တရာမပျက်အောင်ဆောင်ရွက်ရသည်မှာအစည်အလာတစ်ရပ်ပင်ဖြစ်လေသည်။သတ်မှတ်ထားသောအချိန်သို့ရောက်၍စည်တီးသမားသည်စည်ကြီးကိုနောက်ဆုံးတစ်ချက်တီခတ်လိုက်ချိန်တွင်ပဆိတ်ဒူးတုတ်ထိုင်နေကြသောပရိတ်သတ်အားလုံးတို့သည်ရှိခိုးဦးတင်အရိုအသေပြုကြပြီးနောက်မတ်တပ်ရပ်၍နေရာယူကြလေသည်။ထိုအချိန်တွင်ဘုရင်မင်းမြတ်သည်ရွှေနှင့်ပုလဲများစီခြယ်ရက်လုပ်ထားသောမြစိမ်းတော်ဝတ်ရုံတော်ကိုဝတ်ဆင်ကာခန်းမဆောင်အတွင်သို့ကြွမြန်းတော်မူလာလေသည်။ဘုရင်မင်းမြတ်၏လည်ပင်းတွင်အဖိုးတန်ပုလဲကုံးများကိုတစ်ရစ်ပြီးတစ်ရစ်ဆင့်ကာဆင့်ကာဝတ်ဆင်ထားပြီးလက်ျာဘက်လက်တွင်မူရွှေယပ်ကိုကိုင်ထား၏ရွှေယပ်တွင်အစိမ်းရောင်မြများကိုကွတ်ကြားကွတ်ကြားစီချယ်ထားသဖြင့်ဘုရင်မင်းမြတ်၏ဝတ်ရုံတော်အရောင်နှင့်အလွန်တရာပင်လိုက်ဖက်လှပေသည်။ထို့နောက်ဘုရင်မင်းမြတ်သည်ငွေလှေကားထစ်ခြောက်ထစ်ရှိသောပလ္လင်ပေါ်မှငွေသလွန်ပေါ်တွင်ထိုင်တော်မူလေသည်။သလွန်တစ်ဘက်တစ်ချက်တွင်သားမွေးယပ်ကိုင်ထားသောအပျော်တော်ကလေးနှစ်ဦးရပ်လျက်ဘုရင်မင်းမြတ်အားညင်သာစွာဖြင့်ယပ်ခတ်ပေးနေကြသည်။ရာဇပလ္လင်ပတ်လည်တွင်အဝါရောင်ဝတ်စုံကိုဝတ်ထားပြီးဒေါက်ကျာဆောင်းထားသောပုဏားသုံးဆယ်တို့ရပ်လျှက်ရှိလေသည်။ပလ္လင်ပေါ်တွင်ဘုရင်မင်းမြတ်ထိုင်တော်မူပြီးသောအခါဆိုင်ဝန်းသုံးဝန်းမှတူရိယာမျိုးစုံဖြင့်တီမှုတ်ဖြေဖျော်ကြသည်။တူရိယာများနှင့်တွဲဘက်လျက်တေးသီချင်းမျိုးစုံတို့သည်လည်းသာယာနာပျော်ဘွယ်သီဆိုကြ၏။သို့ရာတွင်ရခိုင်ဘာသာ၊မြန်မာဘာသာနှင့်မွန်ဘာသာတို့ဖြင့်အလှည့်အလှည်သီဆိုကြသောကြောင့်ဤမျှအဆင့်အတန်းမြင့်သောဝေါဟာရများကိုကျွန်ုပ်လုံးဝနားမလည်နိုင်အောင်ဖြစ်ရလေ၏။တေးဂီတဖြင့်တစ်နာရီခန့်ဖြေဖျော်ပြီးသောအခါချောမောလှပသောအပျော်တော်ကလေးနှစ်ဆယ်လေးယောက်ဝင်ရောက်လာလေသည်။သူတို့သည်အစိမ်းရောင်နှင့်အဖြူရောင်ဝတ်စုံများကိုဝတ်ဆင်၍ခေါင်းပေါ်တွင်စီးပုံများဆောင်းထားကြသည်။သူတို့၏လက်ထဲတွင်တူရိယာအမျိုးမျိုးကိုကိုင်ထားကြပြီးလျှင်တစ်ခါတစ်ရံနှစ်စုခွဲ၍သော်၎င်းတစ်ခါတစ်ရံတစ်စုတစ်ပေါင်းတည်းသော်၎င်းတီးယင်းမှုတ်ယင်းဆန်းပြားကျွမ်းကျင်စွာသီဆိုကခုန်ကြသည်မှာအလွန်တစ်ရာမှကြက်သရေရှိလှသည်။ကချေသည်အပျော်တော်ကလေးများပြန်ထွက်သွားပြီးသောအခါဂီတသံများသည်မမြင်ရသောနေရာများမှထွက်ပေါ်လာလေသည်။ဂီတသံနှင့်အတူအဖြူရောင်ဝတ်ဆင်ထားသောအပျော်တော်ကလေးတစ်ဆယ့်နှစ်ယောက်ဝင်ရောက်လာပြန်သည်။၎င်းတို့၏လည်ပင်းတွင်ရွှေကြိုးနှင့်ပုလဲကြိုးများဆွဲထားပြီးလျင်ခေါင်းပေါ်တွင်ကားရွှေပန်းကုံးငွေပန်းကုံးနှင့်အရောင်မျိုးစုံပိုးသားပန်းပွင့်များကိုပန်ဆင်ထားကြလေသည်။အပျော်တော်ကလေးအသီးသီးတို့၏လက်ထဲတွင်ရွှေသရဖူတစ်ခုစီကိုင်ထားကြ၏။ထို့နောက်အနီရောင်ကတ္တီပါဝတ်ရုံများဝတ်ဆင်ထားကြပြီးလျှင်လက်ထဲတွင်ငွေတော်ဝှေးကိုစီကိုင်ထာကြသောအဖိုးအိုတစ်ဆယ့်နှစ်ယောက်ဝင်ရောက်လေသည်။အဆိုပါအဆိုတော်၁၂ယောက်တို့သည်ဘုရင်မင်းမြတ်အားရှိခိုးဦးတင်အကြိမ်ကြိမ်ပြုကြပြီးလျှင်ပလ္လင်အနီးသို့ကပ်သွားကြပြီးနောက်၎င်းတို့လက်ထဲမှသရဖြူကိုဘုရင်မင်းမြတ်၏ခြေတော်ရင်း၌အသီးသီးချထားကြသည်။ထို့နောက်ဘုရင်မင်းမြတ်၏ခြေတော်အစုံကိုရှိခိုးဦးခိုက်ကြပြီးနောက်ခန်းမဆောင်အတွင်းမှပြန်လည်ထွက်ခွာသွားကြသည်။နောက်ထပ်အပျော်တော်၁၂ယောက်တို့သည်လည်းယခင်အတိုင်းပင်ဝတ်စားဆင်ယင်၍ဝင်ရောက်လာပြန်သည်။သို့ရာတွင်သူတို့၏လက်ထဲ၌ကိုင်ထားသောအရာများမှာယခင်အပျော်တော်များကဲ့သို့သရဖူများအဟုပ်ဘဲရွှေဖြင့်ပြုလုပ်ထားသောရာဇလှံတံများသာဖြစ်သည်။၎င်းတို့သည်ယင်းရာဇလှံတံများကိုယခင်အတိုင်ဘုရင်မင်းမြတ်၏ခြေတော်ရင်း၌ချထားလိုက်ကြလေသည်။ချက်ခြင်းပင်ဘိသိပ်ခံမည့်မင်းသားဝင်ရောက်လာလေသည်။သူ၏အမည်မှာထွန်တုံးစားဖြစ်သည်။သူကားရုပ်ရည်ချောမောသောမင်းမျိုးမင်းနွယ်တစ်ဦးဖြစ်၏။ငွေချည်ထိုးအနီရောင်ကတ္တီပါဝတ်စုံဝတ်ထားသည်။ခေါင်းပေါ်တွင်မူရိုးရိုးခေါင်းပေါင်းကိုသာပေါင်းထား၏ဤမင်းသားကလေး၏ရှေ့တွင်ငယ်ကျွန်တော်၄၀တို့အယင်ဝင်ရောက်လာလေသည်ရုပ်ရည်ချေမောသောလူငယ်များဖြစ်ကြ၏အပြာနှင့်အဖြူဝတ်စုံများကိုဝတ်ဆင်၍ခေါင်းပေါင်းပေါ်တွင်လည်းအပြာနှင့်အဖြူရိုးရိုးအုပ်ပေါင်းများပေါင်းထားကြသည်။မင်းသားငယ်သည်ဘုရင်မင်းမြတ်မြင်နိုင်လောက်သောနေရာသို့ရောက်သောအခါရိုသေလှစွာဖြင့်ဝတ်တွားရှိခိုးလိုက်၏။ထို့နောက်သူသည်မတ်တပ်ရပ်လိုက်ပြီးနောက်ရှေ့သို့အနည်းငယ်လျှောက်သွားလျက်ထပ်မံ၍ဝတ်တွားရှိခိုးလေသည်။ထိုအချိန်တွင်ပလ္လင်ပတ်လည်တွင်ရပ်လျှက်ရှိသောပုဏား၎ယောက်တို့သည်မင်းသားငယ်အားဝတ်နေရာမှထူပေးပြီးလျှင်တစ်ယောက်တစ်ဖက်တွဲလျက်ပလ္လင်လှေကားရင်အထိခေါ်သွားကြ၏။မင်းသားငယ်သည်ဤနေရာတွင်လည်းဘုရင်မင်းမြတ်အားဦးခိုက်လျက်အကြိမ်ကြိမ်ရှိခိုးလေသည်။ထို့နောက်ပုဏားများသည်မိမိတို့နေရာအသီးသီးသို့ပြန်လာကြလေ၏။စည်တီးသံပေါ်တွက်ပြီးတစ်ခန်းလုံးငြိမ်သက်သွားကြသည်ဤတွင်ကတ္တီပါဝတ်ရုံဖြင့်ပုဏား၎ယောက်ရောက်လာလေသည်။အလယ်မှပုဏား၏လက်ထဲတွင်ရွှေဖြင်ပြုလုပ်ထားသောနတ်ရုပ်ထုတစ်ခုကိုကိုင်ထားလေသည်။ထိုရုပ်ထုမှာ၁၂လက်မခန့်မြင့်၍ခေါင်းပေါ်တွင်ပန်းကုံးတစ်ကုံးကိုပန်ဆင်ထား၏။ပလ္လင်အနီးသို့ပုဏား၃ယောက်ရောက်လာသောအခါဘုရင်မင်းမြတ်သည်သလွန်တော်မှဆင်း၍ဘေးတွင်ရပ်နေလိုက်လေသည်။ထိုအခါရုပ်ထုကိုကိုင်ထားသောပုဏားသည်ဘုရင်မင်းမြတ်၏နေရာတွင်ဝင်ရောက်ထိုင်လေသည်။ထို့နောက်အခြားပုဏား၂ယောက်တို့သည်မင်းသားငယ်ဝတ်တွားရှိခိုးနေရာသို့လျောက်လာပြီးနောက်မင်းသားငယ်အားထူမလျက်ပလ္လင်ထိပ်သို့ခေါ်ဆောင်သွားသည်။ပလ္လင်ပေါ်သို့ရောက်သောအခါမင်းသားငယ်သည်၇ကြိမ်တိတိရှိခိုးဦးညွတ်ပြီးနောက်ပုဏားလက်မှရုပ်ထုကိုယူပြီးလျှင်မိမိဦးခေါင်းပေါ်သို့တင်လိုက်လေသည်။ထို့နောက်သူသည်ပလ္လင်ရှေ့တွင်ဒူးတုတ်လျက်ပုဏားကြီးထိုင်ပေးသည့်အတိုင်းတစ်စုံတစ်ရာကိုအသံကျယ်စွာဖြင့်လိုက်၍ရွက်ဆိုလေသည်။ဤသည်ကားမင်းသားငယ်သည်မိမိ၏အရှင်သခင်ဘုရင်မင်းမြတ်အပေါ်တွင်သစ္စာစောင့်ပါမည်ဟူ၍နတ်ရုပ်ထုကိုသက်သေပြုလျှက်သစ္စာအဓိဌာန်ကျိန်ဆိုခြင်းပင်ဖြစ်သည်။ယင်းသို့သစ္စာပြုပြီးသောအခါမင်းသားငယ်သည်ထပ်မံ၍ဦးညွတ်ရှိခိုးပြန်၏။ထို့နောက်ပုဏားကြီးသည်မင်းသားငယ်ထံမှနတ်ရုပ်ကိုပြန်ယူပြီးနောက်ပုဏားနှစ်ယောက်နှင့်အတူပလ္လင်ပေါ်မှဆင်းလာခဲလေသည်။ဤတွင်ဘုရင်မင်းမြတ်သည်မူလနေရာတွင်ပြန်ထိုင်တော်မူလေသည်။ထို့နောက်ပုဏားတစ်ယောက်သည်ဘုရင်မင်းမြတ်၏လက်ျာဘက်တွင်ရပ်ပြီးလျှင်ဘုရင်မင်းမြတ်အားတဝက်၊ရွှေနန်းတော်ပရိတ်သတ်အားမျက်နှာမူလျက်အောက်ပါအမှုတော်ပြန်တမ်းကိုအသံကျယ်ကျယ်ဖြင့်ဖတ်ကြားကြေငြာလေသည်။ဆင်ဖြူတော်သခင်လည်းဖြစ်တော်မူသောပဲခူးနှင့်မြန်မာပြည်ထောင်မင်းအပေါင်းတို့၏ဦးညွတ်ရာအရှင်သခင်လည်းဖြစ်တော်မူသောရေမြေသနင်းဧကရာဇ်မင်းမြတ်လည်းဖြစ်တော်မူသောရခိုင်ပြည်ရှင်စလင်ရှား(သီရိသုဓမ္မရာဇာ)အမည်တွင်သောဘဝရှင်မင်းမြတ်ဘုရား******အကျွန်ုပ်တို့၏ဦးထိပ်သခင်ဘုရင်မင်းမြတ်ဖြစ်တော်မူသောအရှင်မင်းမြတ်သည်ဤကမ္ဘာမြေပြင်ရှိမင်းအပေါင်းတို့ထက်ဘုန်းတန်ခိုးအာဏာစက်ထက်မြတ်ထွန်းတောက်နိုင်ပါစေသတည်း။ဦးရစ်တော်ဘုရင်အဖြစ်ဖြင့်အရှင်မင်းမြတ်၏ရွှေဖဝါးတော်အောက်၌ဦးညွတ်ပြီးလျှင်ရှင်ဘုရင်၏သစ္စာတော်ကိုခံယူနိုင်စိမ့်သောငှာဤနေ့ဤရက်၌အကျွန်ုပ်သည်ဤသရဖူမဂိုကိုထွန်းတုံးစား၏ဦးခေါင်းပေါ်တွင်ဆောင်းပေးခြင်းဖြစ်ပါသည်ဘုရား****။ဤပြန်တမ်းကိုဖတ်ကြားပြီးလျင်ပြီးချင်းပုဏားနှစ်ယောက်သည်ရှေ့သို့ထွက်လာပြီးလျှင်သရဖူတစ်ခုနှင့်လှံတံတစ်ခုကိုယူလျှက်ဘုရင်မင်းမြတ်၏ခြေရင်း၌ချထားလိုက်လေသည်။ထို့နောက်၎င်းတို့သည်ဘိသိပ်ခံဘုရင်သစ်ရှိရာသို့လျှောက်လာကြပြီးလျှင်၎င်းဝတ်ထွားရှိခိုးနေရာမှထစေ၍ဘုရင်မင်းမြတ်ရှေ့တော်မှောက်သို့ခေါ်ဆောင်သွားကြလေသည်။ပြီးလျှင်ပုဏားများက၄င်းအားဒူးထောက်ထိုင်စေပြီးတစ်ယောက်ကသရဖူကိုကောက်ယူကာဘုရင်မင်းမြတ်၏လက်ထဲသို့ကမ်းပေးလိုက်၏။ဘုရင်မင်းမြတ်သည်သရဖူကိုဘိသိပ်ခံဘုရင်၏ဦးကောင်းပေါ်တွင်ဆောင်းပေးလိုက်လေသည်။ထို့နောက်အခြားပုဏားတစ်ယောက်ကရာဇလှံတံကိုကောက်ယူ၍ဘုရင်မင်းမြတ်အားဆက်သလိုက်ရာဘုရင်မင်းမြတ်သည်အဆိုပါလှံတံကိုလည်းဘိသိပ်ခံဘုရင်အားပေးတော်မူသည်။ဘုရင်သစ်သည်သရဖူကိုခေါင်းတွင်ဆောင်းလျှက်ရာဇလှံတံကိုလက်ဝဲဘက်တွင်လျှက်ဘုရင်မင်းမြတ်၏ခြေအစုံကိုကိုင်လျှက်ငါးကြိမ်ရှိခိုးဦးခိုက်လေသည်။ဤအပြုအမူကားမိမိဘိသိပ်သွန်း၍ဘုရင်ဖြစ်အောင်ကျေးဇူးပြုခဲသောပုဂ္ဂိုလ်များမိမိ၏အရှင်သခင်အဖြစ်အသိအမှတ်ပြုကြောင်းသက်သေပြလိုက်သောအမူအရာပင်ဖြစ်လေသည်။နောက်ဆုံးအခန်းအနားပြီးဆုံးသွားသောအခါစည်သုံးချက်ထွက်ပေါ်လာပြီးနောက်ပရိတ်သတ်အားလုံးဘုရင်မင်းမြတ်အားဦးတိုက်ကြလေသည်။ထိုအချိန်တွင်ကန့်လန့်ကာကျလာပြီးဘုရင်မင်းမြတ်လည်းခန်းမဆောင်မှပြန်လည်ထွက်ခွာသွားလေသည်။ မြို့တွင်းလှည့်လှယ်ပွဲနှင့်စားသောက်ပွဲ။ ကန့်လန့်ကာချလိုက်ပြီးသည်နှင့်တစ်ပြိုင်နက်တူရိယာသံများပေါ်ထွက်လာကြပြန်သည်။ဘိသိပ်ခံပြီးခါစဦးရစ်တောင်ဘုရင်သည်နေရာမှထလျှက်ငယ်ကျွန်တော်များခြံရံပြီးလျှင်နန်းမဆောင်ကြီးသို့လာခဲ့လေ၏။နန်းမဆောင်ကြီးထဲ၌ဦးရစ်တောင်ဘုရင်အားအခြားသောမင်းညီမင်းသားများနှင့်မူးမျိုးမတ်နွယ်များကဝမ်းမြောက်ဝမ်းသာဂုဏ်ပြုချီးကျူးကြလေသည်။ထို့နောက်တွင်ကျွန်ုပ်တို့အားလုံးသည်ဘုရင်သစ်ကိုကျွန်တော်တို့နှင့်အတူခေါ်ဆောင်လာပြီးလျှင်ပြန်လည်ထွက်ခွါလာခဲ့ကြသည်။ရွှေနန်းတော်ဒုတိယနန်းရင်ပြင်သို့ရောက်လာသောအခါဆင်တပ်ဗိုလ်မှူးကဘုရင်ကြီးအားဆင်ကြီးတစ်ကောင်ဆက်သလေသည်။ဘုရင်၏ဝတ်လဲတော်အဆင်နှင့်လျှော်ညီစွာပင်ဆင်ကိုလည်းငွေနားကပ်အနီရောင်ကတ္တီဘာသားဖြင့်ဆင်ယင်ပေးထားလေသည်။ဦးရစ်တောင်ဘုရင်သည်လက်ဆောင်ဆင်ပေါ်သို့တက်သို့အခါအခြားသောမင်းညီမင်းသားများနှင့်မူးမျိုးမတ်နွယ်များကလည်းမိမိတို့ဆင်များပေါ်သို့အသီးသီးတက်ကြလေသည်။နန်းရင်ပြင်များအတွင်း၌လူထုပရိတ်သတ်၏အောင်ဟစ်ပြောဆိုသံများနှင့်တူရိယာသံများမှာဆူညံလျက်ရှိလေသည်။ဤသို့ဆင်တပ်မြင်းတပ်အလုံးအရင်းဖြင့်ပွဲကြီးသဘင်ဆင်ယင်ကျင်းပရာတွင်ဆင်များ၏အန္တရာယ်ကိုမရှောင်လွှဲနိုင်သည့်အလျောက်အချို့လူများထိခိုက်ဒါဏ်ရာရကြမည်မှာမလွဲချေ။ကျွန်ုပ်တို့သည်ရွှေနန်းတော်မုဒ်ဝသို့ရောက်လာခဲ့ကြ၏။ထိုအချိန်တွင်အမြောက်သံတစ်ချက်ကျယ်လောင်စွာထွက်ပေါ်လာခဲ့၏။ဤသို့အမြောက်သံနှင့်လူသံများပွက်ပွက်ညံကာရှုပ်ထွေးပွေလိမ်နေသည့်အထဲမှပင်ကျွန်ုပ်တို့သည်မုဒ်တံခါးကိုကျော်ခဲ့ပြီးလျင်ရွှေမြို့တော်လမ်းမကြီးများပေါ်၌အောက်ပါအစီအစဉ်အတိုင်းလှည့်လည်လာခဲ့ကြ၏။ပထမဦးစွာမြင်းတပ်နှင့်မိန်းမစိုးဓါးရှည်ကိုင်တပ်မှူးကဦးဆောင်လာ၏။ဤတပ်မှူးမှာမဟာဗေဒင်ဘာသာဝင်မူဆလင်လူမျိုးဖြစ်လေသည်။သူသည်ရွှေပြားကပ်အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ကာအရေးဗျမြင်းဖြူကြီးကိုစီးလာ၏။သူ့လက်အောက်တွင်မြင်းစီးသူရဲကောင်းခြောက်ရာတို့အင်းအားတပ်ခွဲသုံးခုခွဲ၍အုပ်ချုပ်လာ၏။ပထမတပ်ခွဲမှမြင်းစီးသူရဲများမှာမဂိုအမျိုးသားများဖြစ်ကြသည်။သူတို့သည်ပိုးသားဝတ်စုံအရောင်အမျိုးမျိုးကိုအရောင်အမျိုးမျိုးဖြင့်ဝတ်ဆင်ထားကြလေသည်။သူတို့ပခုံးပေါ်မှာအစိမ်းရောင်ဆေးသုတ်ထားသောလှေးများကိုလွယ်ထားကြ၏။သူတို့၏ကြိုးသိုင်းခါးပတ်များတွင်မြှားကျည်ထောင့်များနှင့်ဓားလွယ်ကောက်များကိုချိုတ်ဆွဲထားကြ၏။ဤတပ်ခွဲမှမြင်းအားလုံးကိုအစိမ်းရောင်ကကြိုးတန်ဆာများဖြင့်ဆင်ယင်ပေးထားလေသည်။ဒုတိယတပ်ခွဲမှမြင်းစီးသူရဲကောင်းများမှာပဲခူးသားများဖြစ်လေ၏။သူတို့သည်ခရမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားကြသည်။သူတို့၏ခါးပတ်များတွင်ဓားရှည်ကြီးများချိတ်ဆွဲထားပြီးဓားအိမ်များကိုငွေကွပ်ထားကြ၏။လက်ထဲတွင်ဒိုင်းလွှားများကိုကိုင်ထားကြ၏။ဒိုင်းလွှားများမှာအလျှား၁၆လက်မမှလက်မ၂၀အထိရှည်၍အနံ၇လက်မရှိလေသည်။အနားပတ်လည်ကိုအတွင်ဘက်သို့ပြန်ကွေးထားပြီးအလွန်မာကြောသောကြောင့်သံမဏိဓားလှံများဖြင့်ထိုးခုတ်သည့်တိုင်အောင်မထိုးဖေါက်နိုင်ချေ။ဤတပ်ခွဲမှမြင်းများအားမြင်းစီးသူရဲများနည်းတူခရမ်းရောင်ကကြိုးတံဆာများဆင်ယင်ပေးထားလေ၏။တတိယနှောက်ဆုံးတပ်ခွဲကိုမြန်မာမြင်းစီးသူရဲများဖြင့်ဖွဲ့စည်းထားသည်။သူတို့၏ခါးစည်းကိုယ်ကျပ်အင်္ကျီများဝတ်၍မောက်တိုများဆောင်းထားကြ၏။လက်ထဲတွင်မူ့ရောင်စုံအလံလေးများတပ်ထားသောလှံတိုများစွဲကိုင်ထားကြသည်။၎င်းတို့၏မြင်းများကိုလည်းအရောင်မျိုးစုံကကြိုးတန်ဆာများဖြင့်ဆင်ယင်ထားသည်။၎င်းတို့၏နောက်မှဆင်တပ်(၁၀၀)ကိုနှစ်တန်းခွဲ၍လိုက်ပါစေသည်။၎င်းတို့၏နောက်တွင်ဘိသိက်ပွဲတော်သို့တက်ရောက်သောမင်းညီမင်းသားများမူးမျိုးမတ်နွယ်များနှင့်အခြားအရေးပါအရာရောက်သောပုဂ္ဂိုလ်များစီးနင်းလိုက်ပါလာသည့်ဆင်(၂၀၀)ကျော်ပင်ဖြစ်၏။အဆိုပါလှည်လှယ်ပွဲကြီး၏နောက်ဆုံးတွင်ဦးရစ်တောင်ဘုရင်သည်လက်ဆောင်ဆင်ကြီးကိုစီးလျှက်ခြေလျင်ငယ်ကျွန်တော်အခြံအရံ(၄၀)တို့နှင့်အတူလိုက်ပါလာသည်။ဆင်တပ်များအကြားတွင်ဝတ်ကောင်းစားလှများပန်းမန်များဖြင့်အလှဆင်ထားကြသောမိန်းမငယ်များနှင့်တူရိယာဂီတသမားများက၊ကခုန်တီးမှုတ်လျှက်ပါလာကြ၏။ကျွန်ုပ်အနေဖြင့်တစ်အံ့တစ်သြဖြစ်ရသည်မှာဤမိန့်မငယ်များသည်စစ်ဆင်ကြီးများအကြား၌မကြောက်မရွံ့ဘဲဟန်မပျက်သီဆိုကခုန်နေကြခြင်းပင်ဖြစ်၏။သို့ရာတွင်ဆင်များအားဆင်ဦးစီးများကနိုင်နိုင်နင်းနင်းထိမ်းကွတ်လာကြသောကြောင့်မည်သူ့ကိုမှဒုက္ခမပေးကြချေ။ကျွန်ုပ်တို့သည်ရွှေမြို့တော်လမ်းမကြီးများတစ်လျှောက်ဤသို့လျှင်တစ်ခန်းတစ်နားလှည့်လည်ကြပြီးနောက်ညဥ့်အမှောင်ရောက်လာသောအချိန်တွင်ဦးရစ်တော်ဘုရင်၏နန်းတော်သို့ဝင်ကြလေသည်။ဘုရင်သည်ဆင်ပေါ်မှဆင်းပြီးလျှင်ရှေ့ဆုံးမှဦးဆောင်၍ဝင်လေသည်။လမ်းမတစ်လျှောက်တွင်များစွာသောဆီမီးခွက်များကိုထွန်းညှိထားလေသည်။နောက်ဆုံး၌ကျွန်ုပ်တို့သည်ပိုးဖဲကတ္တီပါတို့ဖြင့်အလှဆင်ထားသောခန်းမဆောင်ကြီးအတွင်းသို့ရောက်လာကြ၏။ခေါင်မိုးကိုရွှေချ၍လရုပ်ထုများဖြင့်မွမ်းမံချယ်သထားလေသည်။မျက်နှာချက်တွင်ဆီမီးခွက်များချိတ်ထားရာအဖိုးတန်ဆီမွှေးနံ့များသင်ပျံ့နေလေသည်။မြင်ကွင်းတစ်ခုလုံးမှာဆီမီးထိမ်ထိမ်လင်းကာအလွန်ပင်သာယာကြည်နူးဖွယ်ကောင်းလှပေသည်။ခန်းမကြီးတစ်ခုလုံးအဖိုးထိုက်သောကတ္တီပါကော်ဇော်ကြီးများကိုခင်ထားသည်။ခန်းမကြီးဘေးဘက်မျက်နှာစာတွင်စင်မြင့်များရှိုပြီးကျွန်ုပ်တို့အားလုံးထိုင်မိကြချိန်တွင်စင်မြင့်များမှဂီတသံများပေါ်ထွက်လာလေသည်ခန်းမဆောင်ကြီး၏အစွန်းတစ်နေရာတွင်အဆန်းတစ်ကြယ်အလှဆင်ထားသောမဏ္ဍပ်စင်မြင့်တစ်ခုရှိလေသည်။ယင်းစင်မြင့်သည်ကြမ်းပြင်မှခြောက်လက်မခန့်မြင့်ပြီးအဖိုးတန်ကော်ဇောများအပြည့်ခင်းထားသည်။ဘုရင်သစ်သည်စင်မြင့်ပေါ်တွင်ထိုင်နေသောအခါစားသောက်ပွဲသဘင်စတင်လေတော့သည်။စားသောက်ပွဲကျင်းပပုံမှာဤသို့ဖြစ်သည်။ပထမဦးဆုံးငွေထုပ်များကိုင်ထားသောအိုးသူကြီး၆ယောက်ဝင်လာလေသည်။သန်သန်မာမာအစေခံသုံးယောက်တို့သည်ခြေထောက်ပါသောငွေလင်ဗန်သုံးချပ်ကိုယူကာဝင်လာကြသည်။၎င်းတို့နောက်မှအစေခံအယောက်၁၀၀ဝင်လာသည်။သူတို့သည်လည်းအလားတူလင်ဗန်းများကိုယူလာကြသည်။သို့သော်အမျိုးအစားများကားတစ်ခုနှင့်တစ်ခုမတူညီကြချေ။သူတို့၏လင်ဗန်းများပေါ်တွင်ထမင်းဟင်းများထည့်ယူလာကြသည်။ရခိုင်လူမျိုးတို့သည်အခြားသောအာရှတိုက်သားများနည်းတူကြမ်းပြင်တွင်ထိုင်၍စားသောက်ကြသည်။ဤစားပွဲခုံများပေါ်တွင်ကြွေပုဂံလုံးဟင်းခွက်ပေါင်း၅ခွက်၆ခွက်ခန့်တင်ထားသည်။ဂုဏ်သရေရှိပုဂ္ဂိုလ်များအားကျွေးမွေးသောအခါတွင်ယဉ်ကျေးမှုသဘောအရသီးသန့်ခုံများနှင့်ကျွေးမွေးလေ့ရှိသည်။ရခိုင်လူမျိုးတို့သည်အိမ်မွေးတိရစ္ဆာများနှင့်တောရိုင်းတိရစ္ဆာန်များ၏အသားကိုစားကြသည်။ထို့အပြင်ဆားဖြင့်နယ်ကြိုက်ထားသောင/ပိကိုလည်းဟင်းမျိုးစုံတွင်ထည့်ကြသည်။ပရဆေးရွက်မျိုးစုံကိုလည်းချက်၍စားသောက်ကြသည်။သူတို့သည်ကိုယ့်နည်းကိုယ့်ဟန်ဖြင့်အချိုမုန့်များပြုလုပ်ကြသော်လည်းအိန္ဒိနှင့်ပေါ်တူဂီအချိုမုန့်များလောက်မကောင်းကြချေ။သို့သော်စား၍ကားအရသာရှိ၏။ဤစါးသောက်ပွဲသည်နေမ၀င်မှီတွင်ပြီးဆုံးသွားလေသည်။ထို့နောက်လူတိုင်းပင်ကိုယ်စီကိုငှအိမ်သို့ပြန်ကြသည်။အခြားသောမင်းသား၁၁ပါးတို့်အားလည်းဤနည်းအတိုင်းပင်ဘိသိတ်သွန်းလေသည်။ပွဲတော်ကျင်းပပုံများမှာအားလုံးတစ်ပုံစံတည်းချည်းဖြစ်သဖြင့်ထပ်မံဖေါ်ပြရန်မလိုတော့ပါ။ ရွှေမြို့တော်ရှုခင်း။ ။ရခိုင်ဘုရင်၏မြို့တော်တွင်ယခုကဲ့သို့ပွဲတော်ရက်များအတွင်း၌ကုန်ပစ္စည်းအားလုံးကိုအကောက်ခွန်မဆောင်ရဘဲလွတ်လွတ်လပ်လပ်ရောင်ဝယ်ခွင့်ပြုသောကြောင့်နိုင်ငံခြားသားအများအပြားပင်လာရောက်၍ရောင်းဝယ်ဖေါက်ကားကြသည်။ထိုသူတို့သည်ကုန်ပစ္စည်းများတင်ဆောင်ကာရေယဉ်အမျိုးမျိုးဖြင့်လာရောက်ကြလေသည်။ဘင်္ဂလား၊ပဲခူးနှင့်မုတ္တမဆသောအိမ်နီးချင်းနိုင်ငံများမှသာမကဝေးလံသောယိုးဒယားကိုချင်ချိုင့်နားပါရှန်နှင့်ကမ္ဘောဒီးယားနိုင်ငံများမှပင်လာရောက်ကြလေသည်။အခွန်အကောက်လွတ်ငြိမ်းသောဈေးကွက်ကိုစွဲမက်ကြသောကြောင့်အိန္ဒယပြည်အရပ်ရပ်နှင့်ဆူးမုတြားကျွန်းမှသင်္ဘောများလည်းလာရောက်၍ကူးသန်းရောင်းဝယ်ကြသည်။မြောက်ဦးမြို့တော်သို့ရောက်လာကြသူများမှာမရေမတွက်နိုင်အောင်များပြားလှသောကြောင့်အဝတ်အစားနှင့်ဘာသာစကားကိုခွဲခြားပြီးလျှင်မည်သည့်လူမျိုးဟူ၍သိနိုင်ဖို့ရန်မလွယ်ကူလှချေ။နိုင်ငံခြားသားပေါင်းစုံတို့သည်မြို့တော်၏ခန်းမများပေါ်တွင်ဈေးတန်းကြီးဖွင့်၍ကုန်ပစ္စည်းပေါင်းများစွာကိုရောင်းချကြ၏။ရောင်းချသောကုန်ပစ္စည်းများကိုစာရင်ပြုလုပ်၍ကားလုံးဝမဖြစ်နိုင်ချေ။အဆိုပါဆိုင်များတွင်စိန်၊ပတ္တမြား၊မြ၊နီလာ၊ဥဿဖရား၊ရွှေ၊ငွေ၊ခဲမဖြူ၊ကြေးနီ၊ကြေးဝါ၊ငါးကြီးအံဖတ်၊ကတိုး၊ထင်းရှူးဆီ၊ပရုပ်၊ပြဒါး၊ဘိန်း၊ဆေးရွက်ကြီး၊ချိတ်၊လက်ချား၊ခဲ၊ယမ်းစိမ်း၊နှင့်နံသာပေါင်းစသည့်ကုန်ပစ္စည်းများကိုအရေအတွက်မြောက်များစွာရောင်းချကြသည်။ထို့အပြင်ငရုပ်ကောင်း၊သစ်ကြပိုး၊ဖါလာစေ့၊လေးညင်းနှင့်ဇာတဖိုလ်စသည့်ပရဆေးအမျိုးမျိုးကိုလည်းအများအပြားရောင်းချကြလေသည်။အဖိုးတန်အဝတ်အထည်များ၊ဆင်စွယ်၊ကြွေထည်ပစ္စည်းများကိုလည်းတွေ့ရသည်။စားဖွယ်သောက်ဖွယ်မျိုးစုံကိုလည်းဈေးသက်သာစွာဖြင့်ဝယ်ယူနိုင်၏။ဤသို့တန်ဖိုးကြီးသော၊အသုံးဝင်သောမရှိမဖြစ်သောပစ္စည်းဟူသမျှကိုဤဈေးတွင်အမြောက်အများဝယ်ယူရရှိနိုင်ပေသည်။ဈေးလမ်းများလူသူကြပ်ခဲမှုရှုပ်ထွေးမှုမရှိစေရန်ဝင်အထွက်၌အစောင့်များချထား၍ကြီးကြပ်စေ၏။အဆိုအကအတီးအမှုတ်စသောဖြေဖျော်မှုမျိုးစုံကိုလည်းဤဈေးတွင်တွေ့မြင်နိုင်သည်။ဈေးတစ်ခုလုံးသည်ပွဲတော်နှင့်မခြားစည်ကားနေလေသည်။တူးမြောင်းများတွင်ရေယဉ်မျိုးစုံဖြင့်အစုန်အဆန်သွားနေကြသူများမှာလည်းဒုနှင့်ဒေးကုန်းပေါ်မှာကဲ့သို့ပင်ရေထဲတွင်လည်းလှေလောင်းများပေါ်၌အဆိုအတီးအကအမှုတ်များဖြင့်မြူထူးသွားလာနေကြသည်။ဆီမီတန်ဆောင်ထွန်းညှိခြင်းမီးရှူးမီးပမ်းများဖေါက်လွှတ်ခြင်းတီးမှုတ်သီဆိုကခြင်းတော့ကြောင့်တစ်ညဥ့်လုံးပျော်ပါးမြူးထူးကြ၏။ပွဲတော်ရပ်များကုန်ခါနီးတွင်မြို့တော်လမ်းမကြီးများ၌ရွှေပဝါငွေပဝါများနှင့်အလှဆင်ကြ၏။လမ်းအလည်တွင်အောင်ပွဲအထိမ်းအမှတ်ကြီးများဆောက်လုပ်ကြ၏။၎င်းတို့၌သစ်သားသတ္တုတို့ဖြင့်ပြုလုပ်ထားသောနတ်ရုတ်မျိုးစုံကိုလည်းထားရှိကြသည်။ဤသို့ဖြင့်နောက်ဆုံးနေသို့ရောက်လာခဲ၏။ထိုနေ့သည်ရွှေနန်းရှင်ဘုရင်မင်းမြတ်၏ရာဇဘိသေကမင်္ဂလာမတိုင်မှီအကြိုနေဖြစ်သည်။ရွှေနန်းတော်အတွင်ရှိမုဝတံတိုင်းပဉ္စင်ရင်သားမကျန်အလံများကြက်လျှာများတံခွန်ကုက္ကာများဖြင့်ပြည့်နှက်လျက်ရှိရာလေအလာတွင်အရောင်မျိုးစုံဖေါ်ပြလျက်တဖြည်းဖြည်းတွန့်လှူးနေကြသည်ကို့ရှု့ရသည်မှာကြည်နူးစရာကောင်းလေ၏။

No comments:

Post a Comment